Thursday, August 21, 2008

နောင်တမရကြေး

အသစ်ရှာ
မကြင်နာသူ မုန်းလေပြီမို့
ပစ်ကာ သူရှောင်ပုန်းနေပြန်တော့
တစ်သက် တစ်ခါ
မမြင်အောင်နေပေးပါ့မယ်
ချစ်မိသူအရှုံး…
နှလုံးသားနဲ့ ဦးဏှောက်
တွက်ချေကိုက်အောင် သူတွက်လေတော့
ငွေမက်တယ်လို့ မပြောရက်ပါဘူး
အဖြေခက်တဲ့ဒီရင်မှာသာ
မကြေငြာ ကြိတ်ကာငိုတော့မယ်
သေချာအောင်သာပြောခဲ့ဦး…
ဘယ်သူနဲ့တွဲ ပျော်နေသလဲလို့
မေးရန်ခက်သမို့ ဆွေးရန်သာတွေး
ဝေးရန်သာတွေးတော့မယ်
နောင်တမရကြေး ။ ။

မဆုံတဲ့လမ်း

ရွေးချယ်ခဲ့သူက ငါမဟုတ်ဘူး
ကျန်ရစ်ရသူသာ ငါ
နှလုံးသားဆိုတာ စီးလို့မှမရတာ
ငါကခရီးတစ်ဝက်တောင်မရောက်ခဲ့ဘူး
လက်မှတ်ကလည်းပျောက်လို့
ခြေနဲ့ပဲလျှောက်ခဲ့ရတယ်
ရထားကငါ့ကိုမစောင့်ဘူး
သူ့ခရီးက ငါမပါလဲရောက်သတဲ့
နှစ်လပဲကြာခဲ့ပါတယ်…
အဲဒီကြားထဲ အဆက်အသွယ်မရခဲ့ဘူး
ဂစ်တာကြိုးတွေပြတ်သွားတယ်…
အဲလက်စ်ရဲ့အလွမ်းသီချင်းတွေကုန်သွားတယ်
ငါ မမူးသေးဘူး…
အတိတ်ကပဲ ငါ့ကိုမေ့သွားတယ်
ငါကအတိတ်ကိုမမေ့ဘူး…
ရထားလေးပြန်ဆိုက်လာတယ်…
ငါနဲ့မဆုံဖြစ်လိုက်ဘူး…။ ။

Mp3/Mp4 တွေဘာကြောင့် ပျက်ရသလဲ ?

Mp3 တော်တော်များများဟာ starting စာတန်းပေါ်ပြီး ပျက်သွားကြတယ်
ဘာဖြစ်လို့လဲဆိုတော့ ''ဓါတ်ခဲ" သုံးတဲ့ Mp3 တွေမှာ

၁။ ဓါတ်ခဲအား လုံးဝ ကုန်တဲ့အထိသုံးခြင်း
၂။ ဓါတ်ခဲအား လုံးဝ ကုန်ပြီး power ပိတ်တဲ့အထိသုံးခြင်း
(အားကုန်ပြီးသားဓါတ်ခဲကို ထပ်မံ ထုထောင်းကိုက်ဖဲ့ပြီးသုံးခြင်း ချွင်းချက် ဟဲဟဲ)
၃။ ဓါတ်ခဲအားကုန်ကြောင်းပြနေသောအခါ power မပိတ်ပဲ ဓါတ်ခဲဖြုတ် လဲလှယ်ခြင်း
၎။ အရည်သွေးညံ့သော ဓါတ်ခဲ များသုံးခြင်း
၅။ computer မှ ဖြုတ်သောအခါ Safely Remove Hardware မလုပ်ပဲ USB cable ကိုဖြုတ်ခြင်း
၆။ (အချို့သော) audio cable တွင် လျှပ်စစ်ဓါတ်ပါဝင်နေသော အသံချဲ့စက် များဖြင့်

တပ်ဆင်အသုံးပြုခြင်း

Battery သုံး Rechargeable Mp3 တွေ မှာဆိုရင်

၁။ ဓါတ်ခဲအား လုံးဝ ကုန်တဲ့အထိသုံးခြင်း
၂။ ဓါတ်ခဲအား လုံးဝ ကုန်ပြီး power ပိတ်တဲ့အထိသုံးခြင်း
၃။ ဓါတ်ခဲအားကုန်ကြောင်း Indicator ပြနေသောအခါ power မပိတ်ပဲ ဆက်လက်အသုံးပြုခြင်း
၎။ အားသွင်းချိန်လွန်ကဲစွာသွင်းခြင် (ပုံမှန် အားသွင်းချိန် ၂ နာရီ )
၅။ စက် နှင့် မကိုက်ညီသော အားသွင်းစက် များအသုံးပြုခြင်း
၆။ သီချင်းနားထောင် နေချိန်တွင် play ခလုတ် ကိုနှိပ်၍ power မပိတ်ပဲ on/off switch ဖြင့်ပိတ်ခြင်း
၇။ မလိုအပ်ပဲ on/off switch ကိုအသုံးပြုများခြင်း
၈။ computer မှ ဖြုတ်သောအခါ Safely Remove Hardware မလုပ်ပဲ USB cable ကိုဖြုတ်ခြင်း
၉။ (အချို့သော) audio cable တွင် လျှပ်စစ်ဓါတ်ပါဝင်နေသော အသံချဲ့စက် များဖြင့်

တပ်ဆင်အသုံးပြုခြင်း
၁၀။ မလိုအပ်ပဲ format ခဏခဏ ချခြင်း

Normal Mp4 (LCD-1.8,2.0)တွေမှာဆိုရင်

၁။ ဓါတ်ခဲအား လုံးဝ ကုန်တဲ့အထိသုံးခြင်း
၂။ ဓါတ်ခဲအား လုံးဝ ကုန်ပြီး power ပိတ်တဲ့အထိသုံးခြင်း
၃။ ဓါတ်ခဲအားကုန်ကြောင်း Indicator ပြနေသောအခါ power မပိတ်ပဲ ဆက်လက်အသုံးပြုခြင်း
၎။ အားသွင်းချိန်လွန်ကဲစွာသွင်းခြင် (ပုံမှန် အားသွင်းချိန် ၃ နာရီ )
၅။ စက် နှင့် မကိုက်ညီသော အားသွင်းစက် များအသုံးပြုခြင်း
၆။ သီချင်းနားထောင် နေချိန်တွင် play ခလုတ် ကိုနှိပ်၍ power မပိတ်ပဲ on/off switch ဖြင့်ပိတ်ခြင်း
၇။ မလိုအပ်ပဲ on/off switch ကိုအသုံးပြုများခြင်း
၈။ computer မှ ဖြုတ်သောအခါ Safely Remove Hardware မလုပ်ပဲ USB cable ကိုဖြုတ်ခြင်း
၉။ (အချို့သော) audio cable တွင် လျှပ်စစ်ဓါတ်ပါဝင်နေသော အသံချဲ့စက် များဖြင့်

တပ်ဆင်အသုံးပြုခြင်း
၁၀။ မလိုအပ်ပဲ format ခဏခဏ ချခြင်း

JXD , Sony , Ipod ,QQ ...Camera ပါတဲ့ Mp4 တွေမှာဆိုရင်

၁။ ဓါတ်ခဲအား လုံးဝ ကုန်တဲ့အထိသုံးခြင်း
၂။ ဓါတ်ခဲအား လုံးဝ ကုန်ပြီး power ပိတ်တဲ့အထိသုံးခြင်း
၃။ ဓါတ်ခဲအားကုန်ကြောင်း Indicator ပြနေသောအခါ power မပိတ်ပဲ ဆက်လက်အသုံးပြုခြင်း
၎။ အားသွင်းချိန်လွန်ကဲစွာသွင်းခြင် (ပုံမှန် အားသွင်းချိန် ၄ နာရီ )
(မီးအား မငြိမ်သက်နေချိန်တွင် အားသွင်းခြင်း)
၅။ စက် နှင့် မကိုက်ညီသော အားသွင်းစက် များအသုံးပြုခြင်း
၆။ Power မပိတ်ပဲ RESET switch ကိုနှိပ်၍ Power ပိတ်ခြင်း
(ဒီနေရာမှာနဲနဲလောက်ရှင်းပြဦးမယ် RESET switch ဟာ
ဘယ်လိုအချိန်မျိုးမှာအသုံးပြုရသလဲ ဆိုတော့
"ဥပမာ ။ ။ video ကို နာရီပေါင်းများစွာ ကြည့်လို့ စက် အပူချိန်အရမ်း
များသွားပြီး ဘာအလုပ်မှမလုပ်တော့ပဲ စက်ကြောင် သွားတဲ့အခါမျိုး
ဒါမှမဟုတ် မလိုချင်တဲ့ Files တွေကို Delete လုပ်တာများပြီး စက်ကြောင်
သွားတဲ့အခါမျိုး " အဲဒီလို အချိန်မှာ အသုံးပြုရပါတယ် ။ ဒါတောင်
အခန့်မသင့် ရင် ပျက်စီးသွားတတ်ပါတယ် ။ )
၇။ computer မှ ဖြုတ်သောအခါ Safely Remove Hardware မလုပ်ပဲ USB cable ကိုဖြုတ်ခြင်း
၈။ (အချို့သော) audio cable တွင် လျှပ်စစ်ဓါတ်ပါဝင်နေသော အသံချဲ့စက် များဖြင့်

တပ်ဆင်အသုံးပြုခြင်း
၉။ မလိုအပ်ပဲ format ခဏခဏ ချခြင်း

Memory Card တွေကိုအသုံးပြုတဲ့အခါ Memory Card တွေကို power မဖွင့်ခင် ထည့်သင့်ပါတယ် ။
နောက်ပြီးတော့ Virus တွေဟာ Mp3 / Mp4 တွေမှာပါ အလုပ်လုပ်နိုင်ပါတယ် ။
ဘာဖြစ်လို့လဲဆိုတော့ Media Player တော်တော် များများဟာ Application

တွေနဲ့အလုပ်လုပ်နေတာကြောင့်ဖြစ်ပါတယ်။
Virus ရှိနေရင် ဘာတွေဖြစ်နိုင်လဲဆိုတော့

၁။ Fomat Error ခဏခဏ ပြတာတွေ
၂။ files တွေ ပျက်စီးသွားတာတွေ

ဖြစ်တတ်ပါတယ် ။

ပုံမှန်အားဖြစ်တော့ Mp3 / Mp4 တွေဟာ အသုံးပြုနည်းအတိုင်း မှန်မှန်ကန်ကန် အသုံးပြုရင်
ကြာရှည်ခံပါတယ် ။

တစ်ကယ်လို့များ Mp3 / Mp4 နဲ့ပတ်သက်လို့ သိချင်တာရှိရင် E-mail ပို့ပြီးမေးမြန်းနိုင်ပါတယ်

successyazar@gmail.com ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Zen Mobile
အမှတ်( 76 )၊ ဈေးကြီးလမ်း ၊(ကြည့်မြင်တိုင်ညဈေးအနီး) ကြည့်မြင်တိုင် ၊ ရန်ကုန်

၀၉၄၃၁၁၂၁၄၃ ၊ ၀၁၅၃၂၁၀၇

Tuesday, August 19, 2008

သံယောဇဉ်

ငယ်ငယ်က ကြက်သားဆို ရင်အုပ်မှစားတဲ့ ငါ
သံယောဇဉ်တွေများလာတော့
ဘာပဲဖြစ်ဖြစ်ကျေနပ်တတ်လာတယ်

ငယ်ငယ်က ဆတ်ဆတ်ထိမခံတတ်တဲ့ငါ
သံယောဇဉ် ကပြောလာတော့
ခေါင်းငုံ့ ခံတတ်လာတယ်

ငယ်ငယ်က မျက်ရည်လွယ်တဲ့ငါ
သံယောဇဉ် အတွက်ဆို
သူရဲကောင်းကြီးတစ်ယောက်လို (ဟန်ဆောင်တတ်လာတယ်)။ ။

Monday, August 18, 2008

သူသိစေဖို့မရည်ရွယ်ပါ

ဝေဒနာ

မလာစေချင်
တံခါးပိတ်ထားရုံသာ
မကြားချင်
နားပိတ်ထားရုံသာ
မမြင်ချင်
မျက်စိမှိတ်ထားရုံသာ
မပြောချင်
ပါးစပ်ပိတ်ထားရုံသာ
...
ဒါပေမယ့်
သူ့အကြောင်းမတွေးချင်တော့
...
...
မရနိုင်တော့
...
ဝေဒနာ။ ။