Thursday, August 21, 2008

မဆုံတဲ့လမ်း

ရွေးချယ်ခဲ့သူက ငါမဟုတ်ဘူး
ကျန်ရစ်ရသူသာ ငါ
နှလုံးသားဆိုတာ စီးလို့မှမရတာ
ငါကခရီးတစ်ဝက်တောင်မရောက်ခဲ့ဘူး
လက်မှတ်ကလည်းပျောက်လို့
ခြေနဲ့ပဲလျှောက်ခဲ့ရတယ်
ရထားကငါ့ကိုမစောင့်ဘူး
သူ့ခရီးက ငါမပါလဲရောက်သတဲ့
နှစ်လပဲကြာခဲ့ပါတယ်…
အဲဒီကြားထဲ အဆက်အသွယ်မရခဲ့ဘူး
ဂစ်တာကြိုးတွေပြတ်သွားတယ်…
အဲလက်စ်ရဲ့အလွမ်းသီချင်းတွေကုန်သွားတယ်
ငါ မမူးသေးဘူး…
အတိတ်ကပဲ ငါ့ကိုမေ့သွားတယ်
ငါကအတိတ်ကိုမမေ့ဘူး…
ရထားလေးပြန်ဆိုက်လာတယ်…
ငါနဲ့မဆုံဖြစ်လိုက်ဘူး…။ ။

No comments: